ပိန်းဥ Taro

in Foodies Bee Hivelast year

အင်္ဂလိပ်အမည် Taro ဟုခေါ်သော ပိန်းဥတွင်
ပိန်းရိုင်းနှင့် ပိန်းယဉ်ဟူ၍ရှိသည်။ ပိန်းရိုင်းဥကိုစားလျှင်
ယားတတ်သည်။ ပိန်းရိုင်းပင်သည် လမ်းဘေးတွင်
အလေ့ကျပေါက်သည်။ ဈေးမှ ဝယ်လာသည့်
ပိန်းဥကို ပြုတ်မစားဖြစ်၍ ရက်ကြာနေသည်။
ထိုပိန်းဥမှ အညှောက်များထွက်နေသည်။

ထိုအညှောက်ထွက် ပိန်းဥကို အမက အကိုအား
စိုက်ခိုင်းသည်။ ယမကာလုလင်အကိုက ပိန်းဥကို
ခြံပြင်မြောင်းဘေးမှာ သွား၍ စိုက်ထားသည်။
ပိန်းဥပေါက်မှ အပင်များထွက်၍ ရှင်သန်းသည်။
မိုးရာသီမှာ အပက်များပွား၍ ခုတ်ပစ်ရသေးသည်။

ယခုအခါ နှစ်နှစ်နီးပါးရှိသော ပိန်းပင်မှ ပိန်းဥများ
ဥနေလေသည်။ အမက ဈေးထဲမှာ ပိန်းဥတွေ
ပေါ်နေပြီး တို့ပိန်းပင်က ဥသလားမသိဟုဆိုကာ
ပိန်းပင်များကို ဆွဲနှုတ်၍ကြည့်သည်။ ထိုအခါ
ပိန်းဥများကိုတွေ့ရသည်။ ကျွန်တော်တို့ ခြံမြေက
လယ်မြေဖြစ်သည်။ လယ်မြေဖြစ်၍ မြေက စီးသည်။

ပိန်းဥကို မိုးရာသီတွင် စားသုံးနိုင်သည်။ ဆောင်းရာသီမှာ
ပိန်းဥလှိုင်လှိုင် ပေါသည်။ ပိန်းဥအမျိုးပေါင်းများစွာ
ရှိသည့်အနက် လူကြိုက်များသော အမျိုးအစားမှာ
ပိန်းကြက်ဥဖြစ်သည်။ ကြက်ဥနီးပါး အရွယ်ရှိပြီး
မျက်နှာပြင်မှာလည်း အဖုအထစ်နည်းပါး၍ ပြောင်ချော
နေသည် ဟုသိရသည်။ ကျွန်တော့်ခြံထွက် ပိန်းဥသည်
အရိုင်းလား အယဉ်လား မသိပါ။

အမ တူးထားသော ပိန်းဥများကို ကျွန်တော်က
ရေစင်အောင်ဆေးသည်။ ရေဆေးနေစဉ် ကျွန်တော့်
လက်များမှ စပ်ဖျင်းဖျင်းနဲ့ ယားလာသည်။
ပိန်းဥများမှ ရွှံ့နွံ့များကင်းစင်သွားသည့်အချိန်နှင့်
ကျွန်တော်လက်လည်း တော်တော်ကြီးကို ယားယံ
လာပါတော့သည်။ လက်ကို ဆပ်ပြာဖြင့်ဆေးကြောပြီး
ဆားဖြင့်ပွတ်ရသည်။ ထိုသို့ပြုလုပ်သည့်တိုင်
လက်မှ အယားက မပျောက်နိုင်ပါ။

ရေဆေးပြီသော ပိန်းဥများကို ပြုတ်စားသည်။
ပြုတ်ပြီသော ပိန်းဥများကို တော်တော်နှင့် မစား
ကြပေ။ ယားမည်ကိုစိုးသောကြောင့်ဖြစ်သည်။
ကျွန်တော်က ဦးစွာ စားကြည့်သည်။ ပိန်းဥ က
စား၍ ကောင်းလှသည်။ စီး၍ စိမ့်သည်။
ပိန်းဥပြုတ်ကို အနေတော် အတုံးလေးများလှီး
၍ ဆား၊ ဆီဆမ်းပြီးစားကြသည်။ စီးပြီး စိမ့်ကာ
လတ်ဆတ်သဖြင့် စားကောင်းလှပေသည်။

@htwegyi
January 16, 2024

Sort:  

!hiqvote

@htwegyi, the HiQ Smart Bot has recognized your request (1/1) but the mana is too low. Try again later.

As a consolation, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

ယမကာလုလင်ကို စိုက်ခိုင်းထားတာ ဆို စားလို့ရတာပဲပေါ့။
!LOLZ
!HUG

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @golden.future.
(1/3)

In my past life I was a turtle.
It is slowly coming back to me.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future

(2/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

ဟုတ်ပေ့။

!pizza
!lolz

My wife accused me of being immature.
I told her to get out of my fort.

Credit: lofone
@htwegyi, I sent you an $LOLZ on behalf of walarhein

(1/10)

PLAY & EARN $DOOM

!luv
!hug

htwegyi, heinkhantmaung sent you LUV. 🙂 (1/4) tools | trade | connect | daily

Made with LUV by crrdlx.

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @heinkhantmaung.
(1/3)

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!