မြေပဲဆံ

in HIVE-MYANMAR29 days ago

မြေပဲ။ ကျနော် ကြိုက်သည့် စားစရာတခု။ မြေပဲနဲ့ ပတ်သက်တာ မှန်သမျှ ကျနော် ကြိုက်၏။ အကြိုက်ဆုံးကတော့ မြေပဲဆံကြော် ဖြစ်၏။ မြေပဲလှော်ထက် အကြော်ကို ပိုပြီး ကြိုက်၏။ လက်ဖက်သုပ်ရင်တောင် မြေပဲဆံကို ပိုပိုသာသာထည့်ပြီး သုပ်စား၏။ တခါတလေ သူငယ်ချင်း အိမ်သွားလည်ရင်း စားရအောင် လက်ဖက်သုပ် ဝင်ဝယ်ရင်လည်း မြေပဲဆံကို ပိုပြီး ထည့်ခိုင်းလေ့ ရှိ၏။ ဆိုင်က ကိုယ်နဲ့ ခင်နေလို့သာ။ သူထည့်ပေးတာ နည်းနေခဲ့ရင် သက်သက်ကို နည်းနည်း တောင်းဝယ်လေ့ ရှိ၏။ အဲ့လောက်ထိကို ကြိုက်၏။

ကြိုက်လွန်းလို့ မြေပဲဆံနဲ့ ပတ်သက်၍ အဖေနဲ့တောင် စကားများဖူး၏။ ဖြစ်ပုံက ဒီလို အဖေက သူစားဖို့ ကြော်ထားသည့် မြေပဲဆံကို ကျနော် ယူစားလို့ဆိုပြီး စိတ်တိုပြီး ရွတ်တာ။ ဖြစ်ချင်တော့ ကြော်ထားတာက နည်းနည်းလေး။ အဲ့တာကိုမှ ကျနော်က ယူစားမိတာကိုး။ အဖေက အဲ့မှာ စိတ်ဆိုးပြီး ဆိုပြောပေါ့။ အဲ့တုန်းက အတော်လေး ဝမ်းနည်းမိတာပေါ့။ မြေပဲဆံလေး စားမိတာ အဖေက ငါ့ကို အဲ့လို ပြောလေခြင်းပေါ့။

ကျနော် မြေပဲ ကြိုက်တာ အဖေ့တူတာ ထင်ပါရဲ့။ ခုတော့ အဖေလည်း မရှိတော့ပေ။ မြေပဲဆံကြော် စားတိုင်း အဖေ့ကို သတိရမိလေ့ ရှိ၏။ အိမ်မှာက ပဲပုပ်ချက်၊ တနည်းအားဖြင့် ပဲပုပ်ရေဖျော်ချက်စားတိုင်း မြေပဲ ရောလေ့ ရှိ၏။ ပဲပုပ်ချည်းသက်သက် မချက်ပေ။ ပဲပုပ်နဲ့ မြေပဲ ဆတူရောပြီး ချက်စားလေ့ ရှိ၏။ ပဲပုပ်ချက် ချက်သည့်နေ့ဆို ထမင်းလည်း ပိုစား၊ ပိုဝင်၏။

မြေပဲမွကြော်လည်း ကြိုက်၏။ အချိုတည်သည့် မြေပဲယို ဆိုလည်း ကြိုက်၏။ နှမ်းယိုထက်ကို ပိုကြိုက်၏။ အို မြေပဲ ပါရင်ကို ကြိုက်ပြီးသား။ တခါတလေ ဟင်း ဘာညာ မရှိရင်တောင် ထမင်းဆီစမ်းကို မြေပဲဆံကြော်နဲ့ စားရင်လည်း စားလိုက်တာပါပဲ။ မြေပဲ crazy ပေါ့။

တခါတလေ အလှူ သွားစားလို့ မြေပဲချက်များ ပါရင် ရှယ်စားပဲ။ သူကတော့ မြေပဲချည်းသက်သက်နဲ့ ချက်ခြင်း ဖြစ်၏။ ကျနော် မြေပဲ ကြိုက်ကြောင်းကို သူငယ်ချင်းတွေပါ သိ၏။ မနေ့က သူငယ်ချင်းတယောက်က ဦးသက်စားဖို့ ဆိုပြီး မြေပဲကို အိုဗာတင်းဗူးနဲ့ အပြည့်ကြော်ပြီး ပေးလေ၏။ ကျေးဇူးတင် ပျော်ရွှင်ရ၏။

ခု မနက်တင် လက်ဖက်သုပ် သုပ်စားတော့ အဆိုပါ မြေပဲဆံတွေ ထည့်သုပ်ပြီး စား၏။ ထမင်းမြိန်ချက်။ ဗိုက်ပါ ကားသွား၏။

Sort:  

အညာသားတင် ပဲကြိုက်တာမှတ်တယ်။
!LOLZ
!MEME

What do whales like to eat?
Fish and ships.

Credit: boboman
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

ဟီး
😁

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Be ready for the July edition of the Hive Power Up Month!
Hive Power Up Day - July 1st 2025