ဟော့ပေါ့ ငါးပေါင်း

in HIVE-MYANMAR5 months ago

ဒီနေ့တော့ အစားအစာပုံလေးတွေ ဖော်ပြပါဦးမည်။
ဒီရက်ပတ်အတွင်း စားဖြစ်ခဲ့သော အစားအစာ နှစ်မျိုးပါ။

တစ်မျိုးသည် ဟော့ပေါ့ ဟု ခေါ်ကြသော အစားအစာ ဖြစ်သည်။
စားသောက်ဆိုင်၌ မှာယူ စားသောက်ဖြစ်ခဲ့သော အစားအစာကို မှတ်တမ်းဓာတ်ပုံ ရိုက်ယူထားခြင်း ဖြစ်သည်။
ဟော့ပေါ့ ထဲ၌ ခေါက်ဆွဲ၊ ခေါက်ဆွဲပြား၊ ပင်လယ်စာအတု၊ ငုံးဥ၊ ကြက်တောင်ပံအတု၊ ကြာစွယ်၊ ကြက်သား၊ ကန်စွန်းရွက်၊ ကြွက်နားရွက်မှို၊ မုန်လာဥနီ၊ ဂေါ်ရခါးသီး၊ ဆလပ်ရွက်၊ အသားတု စသည်တို့ ပါဝင်ကြသည်။
ဒီဟော့ပေါ့ တပွဲကို မြန်မာငွေ ၁၂၀၀၀ ကျပ် ပေးချေရပါသည်။
အရသာ ထူးကဲကောင်းမွန်လှသည်တော့ မဟုတ်သော်လည်း ဟင်းသီးဟင်းရွက်မျိုးစုံပြီး ကျေးလက်ဒေသမှာ တခါတလေ စားဖြစ်သော အစားအစာ ဖြစ်သောကြောင့် ကောင်းပါသည်။

နောက်တမျိုးကတော့ အိမ်မှာ ချက်စားဖြစ်ခဲ့သည့် ငါးကြာဆံပြုတ် ဖြစ်ပါသည်။
ဒီငါး ကို ငါးမုတ် ဟု ခေါ်ကြပါသည်။
ငါးမုတ် သည် ကျောပိုင်း၌ အရိုးမျှဉ် ပါရှိသည်။
ဗိုက်၌လည်း နံရိုးရှည် ပါရှိပါသည်။
တီလားဗီးယား ငါးဂုတ် ကဲ့သို့ အရိုးမရှင်းပါ။
ဒီငါး ကို အကောင်လိုက် ဟင်းအနှစ်ဖြင့် ပြုတ်ပါသည်။
ထိုနောက် ကြာဆံ နှင့် မုန်ညင်းရွက် ထည့်ထားပါသည်။
အိမ်မှာ ချက်စားသည်မှာ ဆိုင်က ငါးသံပုရာပေါင်းလောက် အရသာ မကောင်းပေမယ့် ကျေးလက်မှာ အဆင်ပြေပြေ စားကောင်းပါသည်။

ကဲ ဘာရယ်တော့ ဒီရက်ပိုင်း စားဖြစ်တာလေး စားကောင်းလို့ မျှဝေပေးလိုက်တာပါ။
မိတ်ဆွေတို့လည်း နမူနာယူကာ လုပ်စားကြည့်နိုင်ပါတယ်။

Sort:  

!hiqvote

!DHEDGE

@walarhein, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @golden.future gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

စားကောင်းမယ့်ပုံ။
!PIZZA
!MEME

ကောင်းတာပေါ့
!lol

I'm glad I know sign language
It's pretty handy.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future

(1/10)

PLAY & EARN $DOOM

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @golden.future