မင်္ဂလာပါ။
ဒီနေ့ အိမ်မှာ အလွယ်တကူ ပြုလုပ်ကာ စားနိုင်တဲ့ မုန့်ကြော် တမျိုးကို ပြောပြပါရစေ။
ဒီမုန့်ကို ဂျုံမှုန့်ကြော် ဟုပဲ အလွယ်ခေါ်ကြပါစို့။
ဒီမုန့်ကြော်က ပြုလုပ်ရတာ တကယ်လွယ်ပါတယ်။
ဂျုံမှုန့်၊ ကြက်ဥ၊ ထန်းညက် နှင့် ဆီ ရှိရင် ရပါပြီ။
ဒါတင်ပဲတော့ မဟုတ်ပါဘူး။ ဆားအနည်းငယ်တော့ ထည့်ရတာပေါ့။
ဆား ကတော့ အိမ်မှာ အမြဲရှိနေတတ်တယ် မဟုတ်လား။
ဆီလည်း ရှိနေမှာပါပဲ။
ကျေးလက်က အိမ်တွေမှာဆို ထန်းညက်လည်း ရှိနေတတ်တယ်။
ကြက်ဥ ကလည်း ခဏတိုင်း ကြော်ချက်စားရန် ဝယ်ထားတတ်တယ် မဟုတ်လား။
တကူးတကတော့ ဂျုံမှုန့် ဝယ်ရပါလိမ့်မယ်။
မုန့်လုပ်ရတာ တကယ်လွယ်ပါတယ်။
ထန်းညက်ခဲကို ထုထောင်းကာ အမှုန့်ဖြစ်အောင်လုပ်ပါ။
ပြီးတော့ ဂျုံမှုန့်၊ကြက်ဥ၊ ဆား နှင့် ထန်းညက်မှုန့်ကို ရေ ဖြင့် ပျစ်ပျစ်လေး ဖျော်ပါ။
နောက်တော့ ပွက်နေတဲ့ ဆီဒယ်အိုး ထဲ ထည့်ကာ ကြော်လိုက်ပါ။
ကဲ ဘယ်လောက်လွယ်ပါသလဲ။
လုပ်စမ်းကြည့်ပါ။ ချိုအိနေသော အရသာရှိလှတဲ့ ဂျုံမှုန့်ကြော်ကို စားရပါလိမ့်မယ်။