Hive နှင့် အချဉ်။

in HIVE-MYANMAR23 hours ago (edited)

Hive ဈေးသည်က ကိုယ်လှဲယ်သည့်အခါ
ဈေးတက်သည်။ ယနေ့ နှစ်ဆယ့်လေးပြား
ဈေးမှာ အစိမ်းရောင်သန်းနေ၍ Hive ကို
HBD သို့ပြောင်းလိုက်သည်။ ကိုယ်တွေ
ပြောင်းပြီးသည့်သကာလ။ နှစ်ဆယ့်ငါးသို့
ရောက်ရှိသွားသည်။ ကံကောင်းချက်။
တက်လက်စနဲ့ မထူးပါဘူး ပြားငါးဆယ်ထိ
ဆက်တက်လိုက်ပါလေ။

အဲ့သလို ထရိတ်ဒါးကြီး ကံကောင်းသူ ကျွန်တော်
သည် နေပူပူမှာ ခေါင်းမပူဖို့ အချဉ်စားပါသည်။
ရာသီဥတု ပူသည့်အချိန်မှာ အများအားဖြင့်
အအေးသောက်ကြသည်။ ဥတုပူ၍ နေ့လယ်ခင်း
မှာ ငိုက်မြည်းတတ်သည်။ ပူ၍ ရေခဲရေသောက်
သည်။ ရေခဲရေသောက်တော့ ရေဆာကာ
ထပ်မံ ခဏခဏ ရေသောက်နေမိသည်။

ရေခဲရေက သောက်လေ ငတ်မပြေဆိုသလိုပါ။
ကျွန်တော်က ရေခဲရေ သောက်သူမဟုတ်ပါ။
ရေအိုးမှရေသာ သောက်သည်။ တခါတရံ
ရေနွေးကြမ်းသောက်သည်။ နွေရာသီ အပူကို
ရေခဲရေသောက်၍ အအေးခံကြသည်။
နေပူပူကလာ၍ ရေခဲရေ သောက်ပါမူ အန္တရာယ်
ရှိတတ်သည်ဟု သိရသည်။

ကျွန်တော်သည်က ရာသီပူမှာ အချဉ်စား၍
ရေနွေးကြမ်းသောက်ပါသည်။ အချဉ်ဆိုသည်နှင့်
မြင်ရပါက သွားရည်ကျမိပေမည်။ အထူးသဖြင့်
သံပုရာသီး၊ ရှောက်သီးသုတ်များကို မြင်ရပါမူ
အိန္ဒြေမဆည်နိုင်ပေ။ မနေ့က တူမဖြစ်သူ
သည် အင်တာနက်မှာ နာမည်ကြီးနေသော
ဖက်တီးမအချဉ်သုတ်ကို သုတ်စားပါသည်။

သံပုရာသီးခြောက်လုံးကို ရေဆေးသည်။
သံပုရာသီးအစစ်တော့မဟုတ်ပေ။ သံပုရိုသီး
များဖြစ်သည်။ ထို သံပုရိုသီးခြောက်လုံးကို
အခွံခွါသည်။ အခွံခွါပြီးသော သံပုရိုသီးများကို
ဇလုံတွင်ထဲ့ထားသည်။ ထိုနောက်ပုစွန်ခြောက်ထောင်းသည်။
ငရုပ်သီးအကြော်မှုန့်၊ ကြံချိုနှင့်အရောင်တင်မှုန့်များကို
ထည့်သည်။ ပုစွန်ခြောက်ထောင်းကိုထည့်သည်။

ငပိထောင်းကို ရေနွေးဖြင့် အနည်းငယ် မပျစ်မကျဲ
ဖျော်၍ထဲ့သည်။ ဇလုံအတွင်းမှာ ဖော်ပြပါ
အရာများကို အားလုံးထဲ့ပြီး သံပုရိုသီးအလုံးများကို
အားရပါးရမွှေ‌နယ်၍ တလုံးချင်း အားရပါးရ
စားသည်။ အဲ အဲ့သလို သံပုရာသီးအလုံးလိုက်အသုတ်ကို
တူမများက အလုံးလိုက်စားကြသည်။
ကျွန်တော်က အလုံးလိုက်မစားနိုင်၍ အခြမ်းခွဲ
ကာ စားပါသည်။

သံပုရိုသုတ်သည်က ချဉ်ငံစပ်၍ လျှာပေါ်ထူပူ
သွားသည်။ နထင်အ‌ကြောများ လှုပ်ရှားသွားသည်။
ဆံပင်များထောင်သွားသလား၊ မျက်လုံးများပြူး
ကျယ်သွားသလို ခံစားရသည်။ အိပ်ချင်စိတ်၊
လေးလံထိုင်းမှိုင်း စိတ်များလည်းပျောက်သွားသည်။
ဒါတောင် ကျွန်တော်က သံပုရာသုတ်ကို အလုံးလိုက်
စားခြင်းမဟုတ်၊ တခြမ်းသာ စားသည်။ တူမ
ကတော့ ပြောသည်။ အလုံးလိုက်စားတာက
ပိုကောင်းသတဲ့။ တော်ဟဲ့ တခြမ်းနှင့်ပင်
ကိုယ်တွေမှာ မောင့်မျက်ရည်ဝိုင်းကာ နေပါ
လေသည်။

@htwegyi
March 16, 2025

Sort:  

😋🤤!LOLZ
!MEME

Two men stole a calender
They each got six months.

Credit: vcclothing
@htwegyi, I sent you an $LOLZ on behalf of tin.aung.soe

(2/10)

PLAY & EARN $DOOM

!hiqvote