ကြာကြာဝါးမည့် သွား။

in HIVE-MYANMAR3 days ago

ကျွန်တော် မြို့ထဲမှာနေစဉ်က အမေ့သွားကို အံကပ်
ပြလုပ်ခဲ့သည်။ အမေသည် သွားတု အံကပ်ဖြင့်
စားသောက်နေသည်မှာ အတော်ကြာပြီဖြစ်သည်။
ထိုသို့ အံကပ်ပြုလုပ်ထားသော ပထမ အံကပ်သည်
အချိန်ကြာမြင့်စွာ အသုံးပြုခဲ့သဖြင့် ဆွေးမြေ့ပြီး
လွတ်ကျသဖြင့် ကျိုးသွားသည်။

ပထမ အံကပ် ကျိုး၍ ဒုတိယအကြိမ် ထပ်မံပြုလုပ်
ရသည်။ ပထမအကြိမ် အံကပ်က မန္တလေးမြို့
အနောက်အရပ် မှာသွားရောက်ပြုလုပ်ခဲ့သည်။
ထိုစဉ်က အမေ အံကပ်ပြုလုပ်သည်ကို အမှုမဲ့
အမှတ်မဲ့နေခဲ့မိသည်။ ယခု ဒုတိယအကြိမ်ပြုလုပ်မှ
ကိုယ်တိုင်ကိုယ်ကျသိရှိရသည်။

ဒုတိယအကြိမ် သွားတုအံကပ်ကို ဆေးရုံကြီး
အနောက်ဘက်ရှိ ပန်ဆိုတန့်သွားဆေးခန်း
သွားပြသည်။ ဆေးခန်းမှ ဆရာဝန်မကြီးက
အမေ့ကို အပေါ်သွား အောက်သွား နှစ်ခုလုပ်
လိုက်ပါဟုပြောသည်။ အမေ့မှာ အောက်သွား
ငါးချောင်းနှင့် အံသွားနှစ်ချောင်းရှိသေးသည်။
ထိုသွားများကို နှုတ်လိုက်ပါဟုလည်း ပြောသည်။
သို့မှ အပေါ်အံကပ်နှင့် အောက်အံကပ်နှစ်ခု
ဝါးလို့ ဖိလို့ အဆင်ပြေသွားမည်ဟု ပြောသည်။

အမေက သွားများကို မနှုတ်ချင်ပေ။ သူ့အမေ
ပေးထားတဲ့ သွားလေးတွေဟုဆိုကာ ချန်ထားချင်သည်ဟု
ပြောသည်။ ထိုကြောင့် အမေ့သည် သူ့၏
အောက်သွားအနည်းငယ်ကို ချန်ထားသည်။
ထိုကြောင့် အောက်သွားအံကပ်ကို ပြုလုပ်သည့်
အခါ ထိုချန်ထား‌သော သွားများနေရာကို အလွတ်
ထားရလေသည်။ ထိုစဉ်က အပေါ်နဲ့‌ အောက်သွား
အံကပ်များအတွက် ငါးသိန်းကျသည်။
ယခုအချိန်ဆိုပါမူ ဆယ်သိန်းကျော်ပေမည်။
ထိုစဉ်ကကဲ့သိုလည်း အရည်အသွေးကောင်းမည်
မဟုတ်ပေ။ တနေ့ကတော့ ထိုချန်ထားသော
အောက်ခြေသွားများအနက် ရှေ့သွားနှစ်ချောင်းမှာ
တချောင်းကျိုးသွားသည်။

တချောင်းကျိုး၍ နောက်တချောင်းအဖော်သည်လည်း
လိုက်ပါကာကျိုးလေသည်။ ထိုကျိုးသောနောက်
တချောင်းက အလွယ်တကူ မကျိုးပဲ အမြစ်အနည်းငယ်ကျန်ကာ တန်းလန်းကြီးဖြစ်နေသည်။ လျှာဖြင့်
ထိုးကြည့်သောအခါ အထဲဝင်လိုက် အပြင်ထွက်
လိုက်ဖြင့် လှုပ်တုပ်ကြီးဖြစ်နေသည်။ ထိုသွားလှုပ်တုပ်ကို
ဇက်ကနဲ့ ဆွဲနှုတ်ပါမူ ရကောင်း‌ရပေမည်။ သို့သော်
အမေက အသက်ကြီးသည့်အပြင် ဆီးချိုရောဂါပါ
ရှိနေသဖြင့် အခက်တွေ့ရသည်။

သွားလှုပ်တုပ်ဖြင့် တရက်ကုန်သွားသည်။ အမေသည်
ထိုသွားကြောင့် အစာ စားရာတွင် ခက်ခဲနေသည်။
သွားဆေးခန်းသွားပြ၍ နှုတ်ပစ်ရန်ပြောသည်။
အမေက နေပါစေ သူ့ဟာသူပြုတ်သွားမည်ဟု
ပြောသည်။ ယနေ့တော့ ထိုလှုပ်တုပ်သွားကို
အမက အပ်ချည်ကြိုးဖြင့် ချည်းကာ ဆွဲချည်း
ထားလေသည်။ အငယ်မက နောက်ထပ် အပ်ချည်
ကြိုးဖြင့် အမေ့သွားကို အနည်းငယ် တဖြည်းဖြည်း
ချင်း ဆွဲလှုပ်သောအခါ သွားက ပြုတ်ထွက်လာသည်။

သွားလှုပ်တုပ် ပြုတ်ထွက်သွားသောအခါမှ အမေလည်း
ဝမ်းသာအားရ ထမင်းများစားပါလေသည်။
နိုမို့ ဒီသွားက ပြုတ်သွားမလား၊ ပြုတ်ပြီး
အစာနဲ့အတူ ပါသွားမလားဟု စိတ်ထင့်နေရသည်။
ယခုတော့ လှုပ်တုပ်သွား ပြုတ်ထွက်သွား၍
အမေသည် ယခုမှ သွားထွက်စွားသဖြင့်
စိတ်ရှင်းကာ ထမင်းစားပြီး တခေါခေါ အိပ်မော
ကျနေလေတော့သည်။ ပန်ဆိုးဒန်မှ ပြုလုပ်ထားသော
သွားတုပင် တနေ့က တာယာပွကြီးက မူးမူးနဲ့ တိုက်မိ၍
တခြမ်းအနည်းငယ် ပဲ့သွားသေးသည်။ အပြင်မှာ
နေပူနေရင်း မိုးများလည်း တပေါက်ပေါက်
ကျလာလေသည်။ အပြင်မှာ အိပ်နေသော
အမေ့ကို နိုးကာ အိမ်ပေါ်သို့ တင်ရသည်။
နေပူမိုးရွာပြီး ရာသီဥတုက
အိုက်စပ်စပ်ဖြစ်နေပြန်ပါသည်။

@htwegyi
October 27, 2025

Sort:  

အမေကြီး ကျန်းမာ ချမ်းသာ အစားတွေ ကောင်းကောင်း စားနိုင်ပါစေ

ခုထိတော့ ကျန်းမာ နေဆဲဗျို့
စားကောင်းနေမြဲပဲ။

အဘွား ကျန်းမာပြီး စားနိုင်နေတာ လာဒ်တစ်ပါးပါဘဲ ဘထွေးရေ

ဟုတ်သဗျို့။