မြန်မာ့ရိုးရာ စားစရာ

in HIVE-MYANMAR3 days ago

ကျွန်တော့်အိမ်က အထူးသဖြင့် ကျွန်တော်တူမ
ဇနီးမောင်နှံက အစားအသောက်နဲ့ပတ်သက်လို့
အင်မတန် မက်မောသည်။ အစားအသောက်ကို
လူတိုင်းမက်မောပေသိ သူရို့ကတော့ အခြားသူမျာထက်
ပိုမို ခုံမင်သည်ဟု ပြောရပေမည်။ လူငယ်များဖြစ်၍
စားအားလည်း အင်မတန်ကောင်းသည်။ အစားအသောက်ဆိုသည်ကလည်း ယခုခေတ်ကြီးမှာ စားချင်စဖွယ်ဖြစ်အောင် ပြုမူ
ပြုလုပ် ရောင်းချ
ကြသည်။

အင်တာနက်ခေတ်ကြီးမှာ ဖြစ်သည့်အတွက်လည်း
အစားအသောက်အတွက် အချက်အပြုတ်ကို
ကိုယ်မကျွမ်းကျင်ပေသိ လူမှုကွန်ယက်မှာ
တင်ထားသော ဗီဒီယိုများကို ကြည့်၍ ချက်ပြုတ်
နိုင်ကြပေသည်။ ကိုယ့်အိမ်မှာ လူများပြားပါက
ဆိုင်မှ မဝယ်စားပဲ ကိုယ့်အိမ်မှာ ချက်ပြုတ်စား
သောက်ပါက ပိုမို စားရသည့်အပြင် ကျန်းမာရေး
အတွက်လည်း ကောင်းပေသည်။ ဈေးနှုန်းလည်း
သက်သာသည်။

ကျွန်တော့် အမ သည်ကလည်း အင်တာနက်မှ
ကြည့်ရှု၍ မုန့်များ၊ ဟင်းများကို ချက်ပြုတ်တာ
ဝါသနာပါသူဖြစ်ပေသောအခါ။ ဘာရယ်ဟုတ်ပါဘူး
ပိုစ့်တင်ဖို့ စဉ်းစား မနေချင်တာကြောင့် အိမ်မှာ
လုပ်စားခဲ့သည့် မုန့်များကို ဓာတ်ဖမ်းထားသည်။
ထိုအတွက် ပိုစ့်တင်ရန် စိတ်ကူးမိသည်။ ယနေ့
အိမ်မှာ မုန့်ပြားသလက် ပြုလုပ်၍
စားသည့်အတွက်လည်း ပိုစ့်တင်ရပေသည်။
ပထမဦးစွာ ဟက်ပီးနယူးရီးယားမှာ
လုပ်စားခဲ့သော ကြက်ကြော်နှင့် မုန့်ဟင်းခါးပုံ
ဖြစ်သည်။ ကြက်အစိမ်းကို ဂျုံ၊ ကြက်ဥနှင့်
မုန့်ကြွပ်အမှုန့်များဖြင့် ကြော်ထားသည်။

ယခုပုံကတော့ ကော်ပြန့်လိပ်ကြော်စားခြင်းဖြစ်သည်။
ကော်ပြန့်ရွက်များကို မြို့ထဲမှာ ဝယ်ယူခဲ့သည်။
မြို့သစ်ဈေးမှာ ကော်ပြန့်ရွက်များကိုတွေ့၍ ထပ်မံ
ဝယ်ယူခဲ့ပြန်သည်။ မြို့ထဲမှ ကော်ပြန့်ရွက်များက
အနည်းငယ်ခြောက်နေသည်။ အသီးအနှံများထည့်၍
လိပ်ကြော်သလို။ ငုံဥပြုတ် ထည့်လိပ်၍လည်း
ကြော်စားသည်။ ငှက်ပျော်သီးကို ချေ၍ လိပ်ကြော်သည်။

ပိုစ့်ပုံနည်းမှာ စိုး၍ တပို့တွဲလပြည့် ထမနှဲထိုးထား
သောပုံများကိုလည်း တင်ပါသည်။

ဟော့ဒါက အညာနွေတပေါင်းလ ရွှေစာရံပွဲတော်မှ
မုန့်ခေါင်းအုံးများဖြစ်ပါသည်။

ဒါကတော့ နေ့လယ်ခင်း အမေ စားသည့် လက်ဖက်သုပ်၊
ဂျင်းသုပ်နှင့် ဗာဒံစေ့ဆံများဖြစ်သည်။

ယနေ့စားဖွယ် မုန့်ပြားသလက် ပူပူလေးက‌တော့
ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါလေ။ အမနှင့် သူ့သမီး
တို့ လက်ရာ မုန့်များဖြစ်ပေတော့သည်။

@htwegyi
March 19, 2026

Sort:  

စာဖတ်သူများကို ဗိုက်ဆာအောင် လုပ်လေပြီ။

ကိုယ်တိုင်လုပ်စားတော့ များများနဲ့ ကောင်းကောင်း စားရတာပေါ့။