မြင်မြင်သမျှ ဆေးဖက် ဝင်သဟ။

in HIVE-MYANMAR18 days ago (edited)

ဆီးချိုသမားများက အခါးစားပေးရသည်ဟု
သိရသည်။ ဆီးချိုတက်ပြီးဆိုပါမူ ကတက်ရွက်
လေးများ ဝါးစားပါတဲ့ ဟုတ်သလား၊ မဟုတ်သလား
မသိဘူးပါဘူး။ ဒီလိုပါပဲ ကျွန်တော်တို့ မြန်မာပြည်က
လူအများသည်လည်း။ လူမှု ကွန်ယက်မှ တင်သမျှ
ပြောသမျှ လုပ်သမျှ။ ဟုတ်တာရော၊ မဟုတ်တာရော
လိုက်လုပ်သူများ ရှိသလို၊ မလုပ်သူများလည်း
ရှိသည်။

သို့ပေသိ အသီးအရွက်မှန်သမျှက ဆေးဖက်ဝင်သည်က
များသည် မဟုတ်ပါလား။ ကတိသစ္စာ တည်သောအခါ၊
နွယ်မြက် သစ်ပင် ဆေးဖက်ဝင်သတဲ့။
ဟိုအပင်က ဘာဖြစ်တယ် ညာဖြစ်တယ် စသဖြင့်
ပြောဆိုကြပေသိ။ မြေပေါ်ပေါက်တဲ့ အပင်မှန်သမျှ
ဆေးဖက်ဝင် သည်ကတော့ မှန်ပေမည်။ ထိုသို့
ဆေးဖက်ဝင်ရန် ကတိသစ္စာရော တည်ကြပါလေသလား။

အလိမ်အညာ မုသားများ လှိုင်လှိုင်ပေါများလှသည့်
ယခုခေတ်အခါဝယ်။ မြေပေါ်ပေါက်တဲ့ အပင်မှန်သမျှ
ဆေးဖက်ဝင်နိုင်ပါအုံးမလား။ ယခင် ကာလ
များမှာတော့ အသား၊ ငါးက ဈေးကြီးသဖြင့်
ဈေးသက်သာသော အသီးအရွက်ကလေးများ
ဝယ် ချက်စားကြသည်။ ယခုမူ အသီးအရွက်သည်ပင်
အသား၊ ငါး နှင့်ညီတူ ညီမျှ နီးပါး ဈေးကြီးနေပေသည်။

ဆိုတော့ ဘာလာလာ ဒေါင်းတယ်ပေါ့ဗျာ။
ဟယ် ဘယ်က ဘယ်လို ဖဲသမားစကားက
ပေါ်လာတာတုန်း။ ဒီတော့ ငထွေးတို့လည်း
ခေတ်နဲ့အညီ လိုက်လျောညီထွေ စားသောက်ရ
တာပေါ့။ အသီးအရွက် ကဈေးကြီးသမို့
ခြံဘေးပေါက်သော ဘောစကိုင်းဟု
ခေါ်သော အဝေရာ၊ ဂွေးတောက်ရွက်ညွန့်၊
ရဲယိုရွက်နုများခူးကာ ပြုတ်ပြီးသကာ
ငံပြာရည်ချက်ဖြင့် တို့ မြုပ်စားသည်။

ဆီးချိုသမားများအတွက် အခွံမာသီးများက
ဆေးဖက်ဝင်သည်ပြော၍ အိမ်ဘေးမှာရှိသော
ဗာဒံသီးများကို ရှဉ့်နှင့်အပြိုင်လုကာ ထုစားသည်။
ဗာဒံစေ့များကို လက်ဖက်နှင့် အကြော်စုံများရော၍
အမေ့ကို ကျွေးသည်။ အမေက ဂျင်း၊ လက်ဖက်
အကြော်စုံနှင့် ဗာဒံစေ့များကို တစိမ့်စိမ့်စားရင်း
ဗာဒံစေ့များကို သဘောကျနေသည်။

တနေ့က ကြောင်လျှာသီး‌လေးများရ၍
ပါးပါးလှီးကာ ရေနွေးဖျော၍သုပ်စားသည်။
ပါးပါးလှီးထားသော ကြောင်လျှာသီးကို
ပထမဦးစွာ ဆားဖြင့်နယ်ကာ အခါးရည်အစိမ်းများ
ထွက်စေသည်။ ပြီးနောက် ရေဖြင့် ဆေးပြီး
ရေနွေးထည့်ကာ သုံးမိနစ်၊ ငါးမိနစ်ခန့်
အုပ်ထားသည်။ ထိုနောက် မြေပဲထောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊
ငရုပ်သီးစိမ်းလေးများ၊ ဆီအနည်း
ထဲ့ပြီး သံပုရာသီးလေးညှစ် နယ်လိုက်ပါ။
ကြောင်လျှာသီး ကြွပ်ဆတ်ဆတ် အရသာဖြင့်
စားကောင်းသော အသုပ်ကလေးကို ဒီအတိုင်း
စားစား၊ ထမင်းဖြင့် သုံးဆောင်ပါကလည်း
စားကောင်းလှပါသည်။

@htwegyi
December 7, 2025

Sort:  

ဟင်းသီးဟင်းရွက်က Organic ဆို ကောင်းပေါ့။
!HUG
!PIZZA

ဟုတ်ပေ့ဗျို့။

PIZZA!

$PIZZA slices delivered:
@myanmarkoko(1/5) tipped @htwegyi
golden.future tipped htwegyi

Join us in Discord!

အိမ်ကအဖေကတော့ Tiktok ပေါ်က ဆေးနည်းတွေ တေံသမျှ လိုက်လုပ်နေလို့ လျှောက်မလုပ်ဖို့တားနေရတယ်။
ဘာလို့လဲဆိုတော့ တခါက အဖေ လိုင်းပေါ်က အတိုင်းလုပ်လိုက်တာ ဗိုက်တွေနာပြီး ဝမ်းတွေလျှော၊ ပြီးတော့ အန်လည်း အန်တော့ စိုးရိမ်မိတာ။

!PIZZA

!sbi status

Hi @myanmarkoko!

  • you have 18 units and 0 bonus units
  • your rshares balance is 328904391603 or 0.044 $
  • you need to wait until your upvote value (current value: 0.015 $) is above 0.021 $



    Have you seen our website?
    It's a great resource to check your Hive SBI levels, along with your history of who has sponsored you and what upvotes we have provided you!

ဟုတ်တာရော မဟုတ်တာရော သတိထားရမယ်။