Hello everyone, have a nice day.
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။
One evening, when the sun was about to set, I went to the banks of the Irrawaddy River in Sagaing, where I live. The sky was cloudless as usual in spring, so the temperature of the sun seemed warmer. By the riverside, there was a slight breeze, so the temperature seemed to drop.
The temperature of the spring season has become hot enough that there is no coldness left. Every year, with the heat, we can see the flowers blooming. Among the flowers that bloom with the heat, there are bright red Malabar Silk-cotton Flower(Let Pan Pwint) blossoms. I also saw people rushing to pick up the red petals that had fallen.
Picking Malabar Silk-cotton Flower(Let Pan Pwint) is a custom of Myanmar people who cook and drink sour soup or soup. In Burma, in the spring season, it is common to see the blooming flowers of red Malabar Silk-cotton Flower(Let Pan Pwint) along with the summer breeze, but it is also a sight that cannot be stopped without looking at it. I also picked up some beautiful ***Malabar Silk-cotton Flower(Let Pan Pwint) blossoms from the place where I sat by the river and took pictures. When I got home, I took out the Malabar Silk-cotton Flower(Let Pan Pwint) petals and left them to dry in the sun. I also like Malabar Silk-cotton Flower(Let Pan Pwint) blossom sour soup.
တစ်ရက်ညနေ နေဝင်ခါနီးအချိန်မှာ ကျွန်တော်နေထိုင်ရာ စစ်ကိုင်းမြို့ရဲ့ ဧရာဝတီမြစ်ကမ်းဘေးကို သွားခဲ့တယ်။ ကောင်းကင်မှာတော့ နွေဦးရာသီရဲ့ ထုံးစံအတိုင်း တိမ်တွေကင်းစင်နေတဲ့အတွက် နေရဲ့အပူချိန်က ပိုပြီးပူနေသလိုထင်ရပါတယ်။ မြစ်ကမ်းဘေးရောက်တော့ လေအနည်းငယ်တိုက်နေတဲ့အတွက် အပူချိန်လျော့ကျသွားသလိုထင်ရတယ်။
နွေဦးရာသီရဲ့အပူချိန်က အအေးဓာတ်မကျန်တော့လောက်အောင် ပူလာပြီဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အပူရှိန်နဲ့အတူ ဖူးပွင့်လာကြတဲ့ပန်းတွေကိုလည်း မြင်တွေ့လာရပါပြီ။ အပူရှိန်နဲ့အတူ ဖူးပွင့်လာကြတဲ့ ပန်းပင်တွေထဲမှာ နီနီရဲရဲ လက်ပံပွင့်တွေပါတယ်။ ကြွေကျလာတဲ့ လက်ပံပွင့်နီနီရဲရဲတွေကို အလုအယက်ကောက်ယူနေကြတဲ့လူတွေကိုလည်း တွေ့ရတယ်။
လက်ပံပွင့်ကို ကောက်ယူကြတာက ချဉ်ရည်ဟင်း ဒါမှမဟုတ် ဟင်းချိုဟင်းချက်သောက်တတ်ကြတဲ့ မြန်မာလူမျိုးတို့ရဲ့ ထုံးစံတစ်ခုပါပဲ။ မြန်မာပြည်မှာ နွေဦးရာသီဆိုရင် နွေ လေရူးနဲ့အတူ နီနီရဲရဲ လက်ပံပွင့်တွေကို မြင်တွေ့နေကျဖြစ်ပေမယ့် မရိုးနိုင်တဲ့မြင်ကွင်း မကြည့်ပဲ မနေနိုင်တဲ့မြင်ကွင်းလည်းဖြစ်ပါတယ်။ ကျွန်တော်လည်း မြစ်ကမ်းနားမှာ ထိုင်နေရာကနေ လှပတဲ့ လက်ပံပွင့်အချို့ကို ကောက်ယူပြီး ဓာတ်ပုံရိုက်လိုက်ပါတယ်။ အိမ်ရောက်တော့ လက်ပံပွင့်ဖတ်တွေကို ဖယ်ထုတ်ပြီး နေလှန်းထားလိုက်ပါတယ်။ ကျွန်တော်လည်း လက်ပံပွင့်ချဉ်ရည်ကြိုက်တယ်လေ။
With all due respect -
အားလုံးကို လေးစားလျှက် -