(English)
Fried Kaw Piant is a Burmese food that most people here like. Fried Kaw Piant is usually eaten as a snack. In the afternoon and evening, people here usually eat Kaw Piant. Today, we made our own fried Kaw Piant at home.
Tips on how to fry Kaw Piant
When frying Kaw Piant, the most important thing is to fry it with plenty of oil. If you worry about running out of oil and fry with too little oil, you will end up using too much oil, and when you eat it, a lot of oil will seep in, which is not convenient.
Frying with more oil also improves the taste. The benefit of that is that Kaw Piant is cooked evenly and the color is beautiful.
Sour sauce is also an important thing when eating together with fried Kaw Piant. Making the pickle with ripe tamarind makes it more compatible.
The above points are tips to make a good Kaw Piant fried from our own home cooking and discovery. If you want to make it yourself, I have uploaded a video for your convenience.
Thank you friends for taking the time to read my post. If this post gives knowledge to your friends, please Vote, Comment and Share...
Google Translated From Myanmar>>>
(Myanmar)
ကော်ပြန့်ကြော်
ကော်ပြန့်ကြော်ဆိုတာ မြန်မာ့အစားအစာ တစ်ခုဖြစ်ပြီး ဒီကလူတွေအများစုက ကြိုက်နှစ်သက်ကြပါတယ်။ ကော်ပြန့်ကြော်ကို အများအားဖြင့် သရေစာအဖြစ် စားသုံးကြပါတယ်။ နေ့လည်ပိုင်းနှင့် ညနေခင်းများတွင် ဒီကလူတွေဟာ ကော်ပြန့်ကြော်ကို စားသုံးလေ့ရှိကြပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့အိမ်မှာ ကော်ပြန့်ကြော်ကို ကိုယ်တိုင်လုပ်စားခဲ့ကြပါတယ်။
ကော်ပြန့်ကြော်လုပ်နည်းအတွက် အကြံပေးချက်များ
၁။ ကော်ပြန့်ကြော် လုပ်တဲ့အခါမှာ အရေးအကြီးဆုံးအချက်က ဆီများများနဲ့ ကြော်ပေးဖို့ဖြစ်ပါတယ်။ ဆီကုန်မှာ စိုးရိမ်ပြီး ဆီနဲနဲဖြင့်ကော်ပြန့်ကြော်မယ်ဆိုရင် ဆီပိုကုန်ပြီး စားရတဲ့အခါမှာ ဆီများစွာစိမ့်ဝင်နေသောကြောင့် အဆင်မပြေပါ။
၂။ ဆီများများနဲ့ ကော်ပြန့်ကြော်ခြင်းဟာ အရသာကိုလည်း အထူးကောင်းမွန်စေပါတယ်။ အဲ့ဒါရဲ့ အကျိုးကျေးဇူးကတော့ ကော်ပြန့်ကို အကျက်ညီမျှစေပြီး အရောင်လည်း လှစေပါတယ်။
၃။ အချဉ်ရည် ဟာလည်း ကော်ပြန့်ကြော်နဲ့ တွဲဖက်စားသုံးတဲ့နေရာမှာ အရေးပါတဲ့အရာဖြစ်ပါတယ်။ အချဉ်ရည်ကို မကျည်းသီးမဲ့နဲ့ ပြုလုပ်တာက ပိုပြီး ကောင်းစေပါတယ်။
အထက်ပါအချက်တွေဟာ ကျွန်တော်တို့ အိမ်မှာ ကိုယ်တိုင်လုပ်စားပြီး ရှာဖွေတွေ့ရှိချက်ထဲက ကော်ပြန့်ကြော်ကောင်းတစ်ခုဖြစ်ဖို့ အကြံပေးချက်တွေဖြစ်ပါတယ်။ မိတ်ဆွေများ ကိုယ်တိုင်လုပ်စားချင်ရင် အဆင်ပြေအောင် ဗီဒီယိုကိုလည်း တင်ပေးလိုက်ပါတယ်။
ကျွန်တော့်ရဲ့ ပိုစ်ကို အချိန်ပေးပြီး ဖတ်ရှုပေးလို့ မိတ်ဆွေတို့ကို ကျေးဇူးတင်ပါတယ်။ အကယ်၍ ဒီပိုစ်ဟာ မိတ်ဆွေတို့အတွက် ဗဟုသုတ ရစေတယ်ဆိုရင် Vote ,Comment နဲ့ Share လုပ်ပေးသွားကြပါဉီးနော်...