The mountain staircase to the city

in Feel Good6 days ago

Hello everyone in the Feel Good Community. First of all, let me introduce myself. I am @suhlaing, a writer on the Hive Platform. I am from Myanmar. So I would like to share with you the natural beauty, customs, and food of our country.

This is my first post on Feel Good. I am also a weak English speaker. So I use Google Translate when I translate into English. So I apologize if there are any misunderstandings.

In the Feel Good Community, I will share the beautiful scenery, towns, villages, food, and ethnic traditions of our country. Today, I will introduce you to the beautiful scenery of Pyin Oo Lwin, a town in the Mandalay Region of Myanmar.

Pyin Oo Lwin was formerly known as May Myo. It is a mountain town and is famous for its cool climate, making it a summer resort town. The houses are beautifully built among the hills and the forests are well-preserved. Among the many famous places, the Botanical Garden is particularly notable.

I have been living in Pyin Oo Lwin temporarily since I was hit by an earthquake in Mandalay. It is precious to experience the cool weather in summer. As it is called the city of flowers, wild flowers are blooming beautifully, and flowers are also blooming beautifully in the Botanical Garden.

In addition, the Botanical Garden has a rock museum, a butterfly museum, and a butterfly museum. The most unique is the butterfly museum. Many types of butterflies from all over the world are displayed. I was not allowed to take photos, so I could not record it.

I would like to invite you to visit Myanmar once it is peaceful. There are many places to visit in the beautiful mountain town, and if you visit, you will feel peaceful. I would like to thank each and every friend from the Feel Good Community for reading.

These photos were taken by myself with the SAMSUNG A21S.

Feel Good Community မှ မိတ်ဆွေများအားလုံး မင်္ဂလာပါ။ ပထမဆုံး ကျွန်မကို ကျွန်မ မိတ်ဆက်ပါရစေ။ ကျွန်မကတော့ Hive Platformမှာ စာတွေရေးသားနေတဲ့ @suhlaing ဖြစ်ပါတယ်။ ကျွန်မက မြန်မာနိုင်ငံသားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ သဘာဝ အလှတရားတွေနဲ့ ဓလေ့စရိုက်တွေ အစားအသောက်တွေကို မိတ်ဆွေတို့ကို မျှဝေသွားချင်ပါတယ်။

ဒီပိုလ့်ဟာ Feel Goodမှာ ကျွန်မရဲ့ ပထမဆုံး postဖြစ်ပါတယ်။ ကျွန်မက အင်္ဂလိပ်စာ အားနည်းသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ အင်္ဂလိပ်လို ဘာသာပြန်ရေးတဲ့ အခါ Google Translateကို အသုံးပြု ရေးသားရပါတယ်။ ဒါကြောင့် အဓိပ္ပါယ် ကွဲလွဲနေခဲ့ရင် ခွင့်လွှတ်နားလည်ပေးဖို့ အခုကစပြီး တောင်းပန်ထားပါ့မယ်။

Feel Good Communityမှာ ကျွန်မတို့ နိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေ မြို့ရွာတွေ အစားအသောက်တွေ တိုင်းရင်းသားရိုးရာအကြောင်းတွေကို မျှဝေပေးသွားပါ့မယ်။ ယနေ့မှာတော့ ကျွန်မက မြန်မာနိုင်ငံရဲ့ မန္တလေးတိုင်းအတွင်းမှာ တည်ရှိတဲ့ ပြင်ဦးလွင်မြို့လေးရဲ့ ရှူခင်းတွေနဲ့ မိတ်ဆက်ပေးပါ့မယ်။

ပြင်ဦးလွင်မြို့လေးကို ယခင်က မေမြို့လို့လည်း ခေါ်ဆိုကြပါသည်။ တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပြီး အေးမြသည့် ရာသီဥတုရရှိခြင်းကြောင့် နွေရာသီ အပန်းဖြေစခန်းမြို့လေးအဖြစ်လည်း ထင်ရှားလှပါသည်။ တောင်တန်းတောင်ကုန်းတွေကြားတွင် အိမ်လေးများကို လှပစွာ တည်ဆောက်ထားကြပြီး သစ်တောများကိုလည်း ထိန်းသိမ်းထားရှိပါသည်။ ထင်ရှားသည့် နေရာများစွာရှိသည့်အနက် ရုက္ခဗေဒဥယျာဥ်မှာ အထူးထင်ရှားလှပါသည်။

ကျွန်မသည် မန္တလေးမြို့မှ ငလျှင်ဒဏ်ခံရသဖြင့် ပြင်ဦးလွင်မြို့လေးသို့ ခေတ္တလာရောက်နေထိုင်လျှက် ရှိပါသည်။ ​နွေရာသီတွင် အေးမြသည့် ရာသီဥတုကို ခံစားရခြင်းက အဖိုးတန်လှပေသည်။ ပန်းမြို့တော်ဟု ခေါ်ဆိုသည့်အတိုင်း တောပန်းလေးများလည်း လှပစွာဖူးပွင့်နေသလို ရုက္ခဗေဒ ဥယျာဥ်အတွင်းမှာလည်း ပန်းများလှပစွာ ပွင့်ဖူးနေကြပါသည်။

ထို့အပြင် ရုက္ခဗေဒဥယျာဥ်အတွင်း အင်ကြင်းကျောက်ပြတိုက် လိပ်ပြာပြတိုက် ဌက်ပြတိုက်များကို ပြသထားပါသည်။ ထူးခြားသည်က လိပ်ပြာပြတိုက် ဖြစ်သည်။ ကမ္ဘာအရပ်ရပ်က လိပ်ပြာအမျိုးပေါင်းများစွာကို ခင်းကျင်းပြသထားပါသည်။ ဓာတ်ပုံရိုက်ကူးခွင့်မရှိသဖြင့် မှတ်တမ်းမတင်နိုင်ခဲ့ပါ။

မိတ်ဆွေတို့အနေနဲ့ မြန်မာနိုင်ငံ အေးချမ်းသာယာပြီးချိန်တွင် တစ်ခေါက်လောက် အလည်လာဖို့ ဖိတ်ခေါ်ချင်ပါသည်။ သာယာလှပသည့် တောင်စခန်းမြို့လေးတွင် လည်ပတ်စရာနေရာများစွာရှိကြောင်းနှင့် လာလည်မည်ဆိုပါက စိတ်အေးချမ်းသာယာကြမည်ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။ ဖတ်ရှူပေးသည့် Feel Good Communityမှ မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ရှိပါသည်။

ဤဓာတ်ပုံများကို SAMSUNG A21Sဖြင့် မိမိကိုယ်တိုင်ရိုက်ကူးထားခြင်းဖြစ်ပါသည်။

Sort:  

Congratulations @suhlaing! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 24000 upvotes.
Your next target is to reach 25000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the March PUM Winners