Hello friends.
Today I will talk about food.

This is a seasonal food in central Myanmar.
In my area, villagers grow and sell bean roots.
We usually eat bean root boiled.
The bean roots are the root of the goa bean plant.
The goa bean are cooked as a vegetable.
The goa bean roots are a special root that stores food.
When boiled, the root has a sweet and nutty taste.

Yesterday, our family also bought and boiled bean roots.
Today, I decided to try frying the leftover boiled bean roots that I had eaten yesterday.
In fact, I have never fried bean roots in my life.
However, today, I tried fried boiled bean roots as a new experience.

The boiled goa bean roots were peeled and flattened.
Then, to make the boiled bean roots tastier, they were made into a batter.
The batter was made with rice flour, eggs, salt, sugar, and water.
Then, the boiled bean roots were coated in the batter and fried in an electric pan with peanut oil.
When the bean roots were brown and crispy, they were fried bean roots.
These fried bean roots were the first thing I had ever eaten, and it tasted better than boiled bean roots.
Have you ever tried the fried bean roots I mentioned?

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့ အစားအစာအကြောင်း ဖောက်သည်ချရပါဦးမည်။
ဒါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၏ ရာသီပေါ်အစားအစာတစ်မျိုး ဖြစ်ပါတယ်။
ကျွန်တော် နေထိုင်ရာဒေသ၌ ဒီပဲမြစ် ကို စိုက်ပျိုးပြီး ရောင်းချကြပါတယ်။
များသောအားဖြင့်တော့ ပဲမြစ် ကို ပြုတ်၍ စားတတ်ကြပါတယ်။
ဒီပဲမြစ် သည် ပဲစောင်းလျားသီးအပင်၏ အမြစ် ဖြစ်ပါတယ်။
ပဲစောင်းလျားသီး ကို ဟင်းသီးဟင်းရွက် အဖြစ် ချက်ပြုတ် စားကြပါတယ်။
ထိုပဲစောင်းလျားပင်၏ အမြစ်သည် အစာသိုလှောင်ထားတတ်သည့် ထူးကဲသောအမြစ် ဖြစ်သည်။
၎င်းအမြစ် ကို ပြုတ်၍ စားပါးက ချိုဆိမ့်သောအရသာ ရှိပါသည်။
ယခင်နေ့က ကျွန်တော်တို့မိသားစုသည်လည်း ပဲမြစ်များကို ဝယ်ယူပြီး ပြုတ်၍ စားဖြစ်ခဲ့ပါသည်။
ဒီနေ့မှာတော့ မနေ့က စား၍ မကုန်ခဲ့သော ပြုတ်ပြီးသား ပဲမြစ်များကို ကြော်စားကြည့်ရန် စိတ်ကူးခဲ့သည်။
တကယ်တော့ ကျွန်တော်၏ ဘဝတလျှောက် ပဲမြစ်ကို ကြော်ပြီး မစားဖူးခဲ့ပါ။
သို့ပေမယ့် ဒီနေ့မှာတော့ အသစ်အဆန်းအဖြစ် ပဲမြစ်ပြုတ်များကို ကြော်စားဖြစ်ခဲ့ပါသည်။
ပဲမြစ်ပြုတ်များကို အခွံခွါ၍ ထုပြားခဲ့ပါသည်။
ပြီးတော့ ပဲမြစ်ပြုတ်ကို အရသာပိုကောင်းစေရန် မုန့်နှစ်ရည် ပြုလုပ်ခဲ့သည်။
မုန့်နှစ်ရည်ကို ဆန်မှုန့်၊ ကြက်ဥ၊ ဆား၊ သကြား နှင့် ရေ ဖြင့် ဖျော်စပ်ခဲ့ပါသည်။
ထိုနောက် ပဲမြစ်ပြုတ်များကို မုန့်နှစ်ရည်သုပ်လူးကာ မြေပဲဆီ ထည့်ထားသော လျှပ်စစ်ဒယ်အိုး ထဲသို့ ထည့်ကာ ကြော်ခဲ့ပါသည်။
ပဲမြစ်ချောင်းများ အရောင်ရဲ၍ ကြွပ်လာသောအခါမှာတော့ ပဲမြစ်ကြော်ကို ရရှိခဲ့ပါသည်။
ဒီပဲမြစ်ကြော်က ပထမဆုံး စားဖူးသည့်အရာ ဖြစ်ပြီး ပဲမြစ်ပြုတ်ထက် အရသာပိုကောင်းသည်ဟု ပြောနိုင်ပါသည်။
မိတ်ဆွေတို့ရော ကျွန်တော် ဖော်ပြခဲ့သည့် ပဲမြစ်ကြော် စားဖူးကြပါသလား။