Hello friends.
There is a gourd plant in the southwest corner of my yard.
A friend of mine planted this gourd plant in the winter.
After about a week, the gourd plant sprouted.
However, the gourd plant did not grow for a long time.
When the winter ended, the gourd plant grew a little.
So I watered it regularly to encourage it to grow more.

This summer, the plant has grown, blossomed, and produced small fruits.
However, at first the young fruits did not grow and fell off.
Then I saw some of the buds growing.

Now it was big enough to pick a gourd.
So I picked the first one I found with the intention of frying it.

I made a batter to fry with the gourd.
The batter was made by mixing rice flour, eggs, crushed ginger and garlic, salt, sugar, and water until smooth.

Then, peel the gourd and cut it into small pieces.
Then, add peanut oil to a pan and heat it on the stove.

When the peanut oil was boiling, I dipped the small pieces of gourd in the batter and fried them.

Meanwhile, my wife was making a sauce to accompany the fried gourds.
The sauce was made with ripe tamarind juice, onions, garlic, green chilies, budina, salt, and sugar.

It took a long time to fry the gourds in a small pan.
So, while a few gourds were fried, my son and daughter started eating the gourds.
Before all the gourds were fried, they dipped the fried gourds in the sour sauce and ate them deliciously.


Today, here's how the family enjoyed eating fried gourds.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ကျွန်တော်၏ အိမ်ခြံဝင်းအပြင်ဘက်ကပ်လျက်အနောက်တောင်ထောင့်နား၌ ဘူးပင် ရှိပါသည်။
ဒီ ဘူးပင်ကို ကျွန်တော်၏မိတ်ဆွေတစ်ဦးက ဆောင်းရာသီအတွင်း မျိုးစေ့ချပေးထားခြင်း ဖြစ်ပါသည်။
တစ်ပတ်လောက်အကြာ၌ ဘူးပင်လေး ပေါက်လာခဲ့ပါသည်။
သို့ပေမယ့် ထိုဘူးပင်သည် ဖွံ့ထွားလာခြင်း မရှိဘဲ အချိန်ကြာမြင့်စွာ ရှိနေခဲ့ပါသည်။
ဆောင်းရာသီကုန်ဆုံးသွားသောအခါ ထိုဘူးပင်သည် အနည်းငယ် ကြီးထွားလာခဲ့ပါသည်။
သို့ဖြစ်၍ ကျွန်တော်လည်း ဘူးပင် ပိုမို ဖွံ့ထွားစေရန် ပုံမှန် ရေလောင်းပေးခဲ့ပါသည်။
ယခု နွေရာသီကာလအတွင်းမှာတော့ ထိုဘူးပင်သည် ဖွံ့ဖြိုးလာကာ အပွင့်များပွင့်ကာ အသီးငယ်များ ပါရှိလာခဲ့သည်။
သို့ပေမယ့် ပထမပိုင်း၌ အသီးနုများ ကြီးထွားမလာဘဲ ကြွေကျခဲ့ကြပါသည်။
ထိုနောက်မှာတော့ ကျွန်တော်သည် ကြီးထွားလာသော ဘူးသီးအချို့ကို တွေ့မြင်ခဲ့ရသည်။
ယခုတော့ ဘူးသီးတစ်လုံး ခူးဆွတ်ရန် အရွယ်အစားရောက်လာခဲ့ပြီ ဖြစ်သည်။
သို့ဖြစ်၍ ကျွန်တော်သည် ပထမဆုံး ရသော ဘူးသီးကို ကြော်စားရန် ရည်ရွယ်ပြီး ခူးဆွတ်ခဲ့ပါသည်။
ကျွန်တော်သည် ဘူးသီးနှင့် တွဲစပ်ကာ ကြော်ရန် မုန့်အနှစ် ပြုလုပ်ခဲ့သည်။
မုန့်အနှစ်ကို ဆန်မှုန့်၊ ကြက်ဥ၊ ထုထောင်းထားသော ချင်းနှင့်ကြက်သွန်ဖြူ၊ ဆား၊ သကြား နှင့် ရေ တို့ဖြင့် သမအောင် ရောနှောကာ မွှေပေးထားပါသည်။
ထိုနောက်တော့ ဘူးသီးကို အခွံခွါကာ အချောင်းငယ်လေးတွေ အဖြစ် လှီးဖြတ်ထားပါသည်။
ပြီးတော့ ဒယ်အိုး ထဲ မြေပဲဆီ ထည့်ကာ မီးဖိုပေါ် တင်ပြီး အပူပေးထားပါသည်။
မြေပဲဆီများ ဆူပွက်လာသောအခါ ဘူးသီးချောင်းလေးများကို မုန့်အနှစ် သုပ်လူးကာ ကြော်ခဲ့ပါသည်။
ထိုစဉ် ဇနီးက ဘူးသီးကြော်ဖြင့် တွဲစပ်ကာ စားရန် အချဉ်ရည် ဖျော်နေခဲ့ပါသည်။
အချဉ်ရည်ကို မန်းကျည်းသီးမှည့်အနှစ်ရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ ဆား နှင့် သကြား တို့ဖြင့် ဖျော်စပ်ထားပါသည်။

သေးငယ်သော ဒယ်အိုးဖြင့် ဘူးသီးကြော်ရသည်မှာ အချိန်ကြာခဲ့ပါသည်။
သို့ဖြစ်၍ ဘူးသီးချောင်း အနည်းငယ် ကြော်ပြီးစဉ်မှာပင် သား နှင့် သမီး သည် ဘူးသီးကြော် ကို စားကြပါတော့သည်။
သို့နှင့် ဘူးသီးအားလုံး ကြော်မပြီးသေးခင် ကြော်ပြီးသား ဘူးသီးကြော်များကို အချဉ်ရည်ဖြင့်တို့လူးကာ အရသာရှိရှိစားခဲ့ကြပါသည်။

ဒီနေ့တော့ ဘူးသီးကြော်ရင်း မိသားစု ပျော်ပျော်ပါးပါး စားခဲ့ကြပုံကို ဒီမှာ ဖော်ပြပေးလိုက်ပါသည်။