Phone Photography of Goosefoot Salad Eating

in Feel Good4 days ago

If I eat fried foods often, the oil will stick to my throat and make me feel suffocated.
So I'll stop sharing about fried foods and tell you about a kind of leaf salad.
Food is not something that is separate from people or animals, right?

The leaf salad featured today is goosefoot salad.
Goosefoot is called Goosefoot because it resembles a goose's foot.
It is also said that goosefoot grows abundantly during the winter when there is fog and snow.
It has been reported that
goosefoot contains calcium, magnesium, vitamin A, vitamin B, vitamin C, iron, and phosphorus.

Today's recipe was made by the hostess herself and eaten with rice for lunch.
First, the leaves were boiled in boiling water.
Since we had some long beans at home, we also mixed them in and cooked them.

The ingredients needed for the scallion salad are prepared.
These are fried garlic oil, fried onions, and pulverized peanut .
Fried garlic oil is made by peeling and crushing garlic and frying it in a lot of oil.
Fried onions are made by peeling and cutting onions into thin slices and frying them until crispy.
Pulverized peanut is made by roasting and crushing peanut.

When the ingredients for the salad were ready, she cut the leaves into small pieces with a knife.
Then, she added fried garlic oil, ground peanuts, fried onions, salt, and seasoning powder to the chopped leaves and mixed them well.
Then, she sprinkled fried onions on top of the salad and it was ready to eat.

We had lunch today with featherback fish curry, sour soup, and green goosefoot salad.
No matter what you eat, there is nothing more delicious than eating together as a family.
So, when our family eats, we usually eat together.
How do you eat?

ဆီ ဖြင့် ကြော်ထားတာတွေ ခဏခဏ စားပါများတော့ လည်ချောင်း ထဲ ဆီကပ်ကာ ချွဲကြပ်တတ်ပါတယ်။
ဒါကြောင့်သာပဲ ဆီဖြင့်ကြော်ထားသော အစားအစာတွေ အကြောင်း မျှဝေပေးတာ ရပ်ပြီး အရွက်သုပ် တစ်မျိုးအကြောင်း ဖော်ပြပေးပါဦးမည်။
အစားအစာ ဆိုတာက လူ သို့မဟုတ် သတ္တဝါတွေနှင့် ကင်းကွာနေလို့ ဖြစ်တဲ့အရာ မဟုတ်ဘူး၊ ဟုတ်တယ်မလား။

ယနေ့ ဖော်ပြထားသော အရွက်သုပ် သည် မြူရွက်သုပ် ဖြစ်ပါသည်။
မြူရွက်ကို ငန်းခြေတောက်နှင့်ဆင်တူသောကြောင့် Goosefoot ဟု ခေါ်ဆိုကြသည်။
မြူရွက်ကို ဆောင်းရာသီ မြူနှင်းများ ကျသောကာလ၌ ပေါများစွာ ပေါက်ရောက်သောကြောင့် မြူရွက်ဟု ခေါ်ဆိုကြခြင်းဟုလည်း ပြောကြသည်။
မြူရွက် ထဲ၌ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ သံဓာတ်၊ အမျှဉ်ဓာတ် တို့ ပါဝင်ကြသည်ဟု ဖတ်မှတ်ခဲ့ဖူးသည်။

ယနေ့လက်ရာကတော့ အိမ်ရှင်မကိုယ်တိုင် သုပ်ထားပြီး နေ့လည်စာ ထမင်း နှင့်အတူ စားခဲ့ကြတာပါ။
ပထမဦးစွာ မြူရွက်ကို ရေနွေးပွက်ပွက်ဖြင့် ပြုတ်ထားပါတယ်။
အိမ်မှာ ပဲတောင့်ရှည်အနည်းငယ် ရှိနေသောကြောင့် ပဲတောင့်ရှည် ကိုပါ ရောကာ ပြုတ်ခဲ့ပါတယ်။

မြူရွက် သုပ်ရန် လိုအပ်သောအရာများကို ပြင်ဆင်ထားပါသည်။
ထိုအရာများမှာ ကြက်သွန်ဖြူကြော်ဆီ၊ ကြက်သွန်နီကြော် နှင့် မြေပဲဆံထောင်း တို့ ဖြစ်သည်။
ကြက်သွန်ဖြူကြော်ဆီ သည် ကြက်သွန်ဖြူကို အခွံသင်ကာ ထုထောင်းပြီး ဆီများများဖြင့် ကြော်ထားခြင်း ဖြစ်သည်။
ကြက်သွန်နီကြော် ကိုတော့ ကြက်သွန်နီကို အခွံသင်ကာ ပါးလှပ်အောင် လှီးပြီး ကြွပ်ရွအောင် ကြော်ထားပါသည်။
မြေပဲဆံထောင်း သည် မြေပဲဆံကို လှော်ထားပြီး ထုထောင်းထားခြင်း ဖြစ်သည်။

အသုပ်သုပ်ရန် ပစ္စည်းများ စုံလင်သောအခါ မြူရွက်များကို ကက်ကြေးဖြင့် နှုတ်နှုတ်သေးသေး ကိုက်ဖြတ်ခဲ့ပါသည်။
ထိုနောက် လှီးဖြတ်ထားသော မြူရွက်များ ထဲသို့ ကြက်သွန်ဖြူကြော်ဆီ၊ မြေပဲဆံထောင်း၊ ကြက်သွန်နီကြော်၊ ဆား နှင့် ဟင်းခတ်အချိုမှုန့် တို့ ထည့်ကာ သမအောင် ရောနယ်လိုက်ပါသည်။
ထိုနောက်တော့ မြူရွက်သုပ် ပေါ်ကို ကြက်သွန်နီကြော် ထပ်မံ ဖြူးကာ စားလို့ရပါပြီ။

ကျွန်တော်တို့သည် ယနေ့ နေ့လည်စာ ထမင်းကို ငါးဖယ်ချက်၊ ချဉ်ရည်ဟင်း နှင့် မြူရွက်သုပ် တို့ဖြင့် စားခဲ့ကြပါသည်။
ဘာပဲစားစား မိသားစုအတူ စားကြရသည်လောက် အရသာရှိတဲ့အရာ မရှိပါ။
သို့ဖြစ်၍ ကျွန်တော်တို့မိသားစုသည် အစားအစာတွေ စားသောအခါ အတူတကွ စားကြလေ့ရှိပါသည်။
မိတ်ဆွေတို့ရော ဘယ်လိုစားကြပါသလဲ။

Sort:  

မစားဖူးသေး ပါလား...အဲဒီအရွက်
!LOLZ. !MEME

Did you hear about the claustrophobic astronaut?
He just needed a little space.

Credit: reddit
@tin.aung.soe, I sent you an $LOLZ on behalf of chanmin

(4/6)

PLAY & EARN $DOOM

ရန်ကုန်မှာ ရဘူးလား

မြူရွက်သုပ် ကောင်းမှ ကောင်း။
!LOLZ
!MEME

How does an IT guy make a Motherboard?
He tells her about his job.

Credit: marshmellowman
@tin.aung.soe, I sent you an $LOLZ on behalf of htwegyi

(2/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

ကြိုက်တယ်ပေါ့

မစားဖူးဘူး မြူရွက်သုပ်။
!PGM
!LUV

အလေ့ကျပေါက်တာဆိုတော့ မြို့ကြီးမှာ ရှားလောက်တယ်

ရှယ်ပဲ...ဆွဲပီပေါ့...
!LUV
!MEME

@tin.aung.soe, @uthantzin(4/10) sent you LUV. | tools | discord | community | HiveWiki | <>< daily

"The beauty of life is in the small moments."

If you'd like to suggest a quote to be included in the LUVshares reply, go here.
Made with LUV by crrdlx

ဆွဲ ကုန်ပြီ

You're right to ditch the fried foods and opt for a delicious vegetable dish.

This dish looks truly exquisite, @tin.aung.soe

Yes, Thank you.

You have made this simple green salad so colorful and tasty.😋

Yes, Taste it. Sweet and smooth delicious nutrient.

!hiqvote

@tin.aung.soe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @tin.aung.soe gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

Was riecht besser als es schmeckt?
Eine Nase.

Credit: vasupi
@tin.aung.soe, ich habe dir im Namen von @hiq.smartbot einen $LOLZ Token gesendet
Verwende den Befehl !WITZ oder !LOOL, um einen Witz und ein $LOLZ zu teilen.


PLAY & EARN $DOOM


.(5/8)

The salad looks delicious and healthy, as well as colorful.

Cheers!