Good morning...
ရန်ကုန်မှာ ညီအကိုနှစ်ယောက် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်။
အစစအရာရာ ဈေးကြီးနေမယ်မှန်းသိလို့ ကုန်ကျစရိတ်သက်သာအောင် စမူဆာ နှင့် လက်ဖက်ရည် ပဲ မှာလိုက်တယ်။
စမူဆာ ကို ဘယ်နှခု ချပေးရမလဲတဲ့။
ချပေးပြီး ပြန်မသိမ်းဘူးတဲ့။
ကိုယ်တွေ ဒေသမှာတော့ စမူဆာ တပွဲမှာပြီး စားချင်သလောက်သာ စား၊ ပိုတာ ပြန်သိမ်းတယ်။
မှာထားတာတွေ ချပေးပြီးတာနဲ့ တခါတည်း ပိုက်ဆံရှင်းပေးရပါတယ်။
စမူဆာ တခု ၅၀၀ ကျပ်ပါတဲ့။
အံ့တွေကိုဩရောပါပဲ။
လက်ဖက်ရည်တခွက် ၁၁၀၀ ကျပ်က ကြားဖူးပြီး ဈေးပါ။
ခေတ်ကာလက အလွယ်စားဖို့ တကယ်မလွယ်ပါလားနော်။