My Entry For Around The World- Challenge #38/5🌎

in Ecency20 hours ago

Hello everyone, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။


This photo was taken in Mandalay Region, Chanmyathazi Township, It was taken inside Sandamuni Pagoda, which is located in Tampawati Ward. Friends, the main thing you will see is the colorful umbrellas.

The colorful umbrellas are Myanmar traditional Pathein umbrellas. This is a shop that rents equipment for beauty photography. In addition to Pathein umbrellas, traditional Burmese lacquerware puppets can also be rented at this shop. Pilgrims rent Burmese traditional items and take beautiful photos.

Most beauty photos will be young girls. Most men will not be photographed with such items. Around this pagoda, there are ancient caves and large trees that have been around for many years, so people who take beautiful photos like it. I think they also liked the fact that they took photos with the ancient caves holding traditional Burmese items.

ဒီဓာတ်ပုံကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်မှာတည်ထားတဲ့ စန္ဒာမုနိဘုရားဝန်းအတွင်းမှာရိုက်ယူခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းတို့အဓိကမြင်ရတာကတော့ အရောင်စုံလှတဲ့ထီးတွေပဲဖြစ်ပါလိမ့်မယ်။

အရောင်စုံလှတဲ့ထီးတွေက မြန်မာ့ရိုးရာပုသိမ်ထီးတွေပဲဖြစ်ပါတယ်။ ဒါက အလှဓာတ်ပုံရိုက်ဖို့အတွက် ပစ္စည်းငှားဝန်‌ေဆာင်မှုပေးတဲ့ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်မှာ ပုသိမ်ထီးတွေအပြင် မြန်မာ့ရိုးရာ ယွန်းထည်ပစ္စည်းတွေ ရုပ်သေးရုပ်တွေကိုလည်း ငှားယူနိုင်မှာဖြစ်ပါတယ်။ ဘုရားဖူးလာတဲ့ဧည့်သည်များက မြန်မာ့ရိုးရာပစ္စည်းတွေကို ငှားပြီး အလှဓာတ်ပုံရိုက်ကြပါတယ်။

အများအားဖြင့် အလှဓာတ်ပုံကြတာက ငယ်ရွယ်သူ မိန်းကလေးများဖြစ်ပါလိမ့်မယ်။ အမျိုးသားအများစုကတော့ အခုလိုပစ္စည်းတွေနဲ့ ဓာတ်ပုံရိုက်ကြမှာမဟုတ်ပါဘူး။ ဒီဘုရားဝန်းအတွင်းမှာ ရှေးဟောင်းဂူတွေ ‌နှစ်ကြာရှည်ပြီဖြစ်တဲ့သစ်ပင်ကြီးတွေရှိနေတဲ့အတွက် အလှဓာတ်ပုံရိုက်တဲ့သူတွေသဘောကျကြပါတယ်။ ရှေးဟောင်းဂူတွေနဲ့အတူ မြန်မာ့ရိုးရာပစ္စည်းတွေကိုင်ပြီး ဓာတ်ပုံရိုက်ကြတာကိုလည်း သဘောကျတယ်လို့ထင်ပါတယ်။


The photo below is the contestant photo for this week's around the world challenge #38/5.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် around the world challenge #38/5 အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

30 January 2025_THURSDAY

Sort:  

I hope today's activities go smoothly, friend.

Thank you for posting in the Ecency community

Sending you Ecency points ♥️