Hello friends.
Today, I will share a type of fried food that my wife cooks for her children at home.

It is called "Fried Variety" because it is a mixture of eggs, bean curd, carrots, fake chipolata, and onion buds.


This is my wife's homemade food.
She prepared it according to her imagination.
It was fried with a mixture of good ingredients and it looked delicious and the children liked it.
My son and daughter ate it happily.
I didn't even have any left.
I was happy to see my children eating it happily even though I didn't eat it.
Parents want to see their children's faces smiling, right?


I won't explain the preparation of today's food in detail.
Because you can see the pictures and know how to fry it.
Now, friends, why don't you fry it like my wife does and eat it like my son and daughter do?

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့တော့ အိမ်မှာ သားနှင့်သမီး အတွက် မေမေ ကြော်ကျွေးတဲ့ အစုံကြော် တစ်မျိုးကို မျှဝေပေးပါဦးမည်။

အစုံကြော် ဟု ခေါ်လိုက်ရတာက ကြက်ဥ၊ တိုဟူး၊ မုန်လာဥနီ၊ ကြက်ဥချောင်းအတု၊ ကြက်သွန်ဖူး စသည်တို့ကို ရောနှောကာ ကြော်ထားသောကြောင့် ဖြစ်ပါသည်။
ဒါက ဇနီး၏ လက်ရာ စားစရာတစ်မျိုးပါ။
သူမ စိတ်ကူးရှိသည့်အတိုင်း စီစဉ်ကာ ကြော်ထားခြင်းဖြစ်ပါသည်။
ကောင်းသောအရာတွေ ရောနှောကာ ကြော်ထားတော့ အသွင်ဆန်းပြီး ကလေးတွေအတွက် စားချင်စရာပါပဲ။
သား နှင့် သမီး ကလည်း ဒီစားစရာကို ပျော်ပျော်ပါးပါး ကုန်အောင် စားလိုက်ကြပါတယ်။
ကျွန်တော် စားဖို့တောင် မကျန်တော့အောင်ပါပဲ။
ကိုယ် မစားရလည်း သားသမီးတွေ ပျော်ရွှင်စွာ စားနေကြတာ မြင်ရတော့ ကျွန်တော် ကျေနပ်ပျော်ရွှင်ရပါတယ်။
မိဘဆိုတာ သားသမီးတွေ၏ မျက်နှာ ပြုံးပျော်နေတာပဲ မြင်ချင်ကြတယ်၊ ဟုတ်တယ်မလား။

ယနေ့ စားစရာ၏ ပြင်ဆင်ပုံကိုတော့ အထူး မဖော်ပြတော့ပါဘူး။
ပုံတွေ မြင်တာနဲ့ ပြုလုပ်ပုံကို သိနိုင်ကြတာကြောင့်ပါ။
ကဲ မိတ်ဆွေတို့လည်း ကျွန်တော်၏ ဇနီး ကြော်သကဲ့သို့ ကြော်ပြီး သားနှင့်သမီး စားသကဲ့သို့ စားကြည့်ကြပါလား။