Fried Vegetarian Pork Phone Photography

in Feel Goodyesterday

Hello friends.

This morning, I had a pork dish.
3.6 lbs of pork cost 36,000 kyats, which is about $9 USD.
Our family doesn't eat all 3.6 lbs of pork in one day.
So, we cooked the pork separately to have it ready the next day.

This evening, I was thinking of making a pork and vegetable stew.
In the kitchen at home, I had golden beans, cauliflower, onions, tomatoes, garlic, and boiled corn ready.

So, to mix with the fried pork, I prepared the golden beans, cauliflower, onions, tomatoes, garlic, and boiled corn as shown in the picture.

Then, I added peanut oil to the electric frying pan and heated it.
Then I added a little turmeric powder.
When the peanut oil in the electric frying pan was hot, I added the crushed garlic and small pieces of pork and stirred it.
Then I added the prepared golden beans, onions, tomatoes, cauliflower and corn kernels.
Then I added salt, sugar, chicken powder and Oster sauce to improve the taste and stirred it well.
After more than 5 minutes, I got a delicious and fragrant pork and fruit stir-fry.

I put some fried vegetables and pork in the electric frying pan and left some on the plate.
Then I added rice to the pan with the remaining fried pork vegetables and fried it.
Then I got fried pork vegetables and rice.

After that, our family enjoyed a hearty dinner.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

မနက်က ဝက်သားဟင်း ချက်၍ စားဖြစ်ခဲ့သည်။
ဝက်သား 3.6 lbs ကို မြန်မာငွေ ၃၆၀၀၀ ကျပ် ပေးရသည် ဖြစ်၍ USD$ အားဖြင့် 9$ ဖြစ်ပါသည်။
ကျွန်တော်တို့မိသားစု အနေဖြင့် ဝက်သား ၃.၆ ပေါင် ကို တစ်ရက်တည်းဖြင့် ကုန်အောင် မစားကြပါ။
သို့ဖြစ်၍ နောက်ရက်မှာ စားနိုင်ရန် ဝက်သားကို သီးသန့် ပြုတ်ကြော်နည်းဖြင့် ချက်ထားပါသည်။

ယနေ့ညနေမှာတော့ ဝက်သားသီးရွက်စုံဟင်း ချက်စားရန် စိတ်ကူးခဲ့သည်။
အိမ်ရှိ မီးဖိုချောင်၌ ရွှေပဲသီး၊ ပန်းမုန်လာ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ နှင့် ပြုတ်ထားသော ပြောင်းဖူး စသည်တို့ အဆင်သင့်ရှိနေခဲ့သည်။

သို့ဖြစ်၍ ပြုတ်ကြော်ထားသော ဝက်သား နှင့် ရောနှော၍ ချက်ရန် ရွှေပဲသီး၊ ပန်းမုန်လာ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ နှင့် ပြုတ်ထားသော ပြောင်းဖူး တို့ကို ပုံထဲကအတိုင်း အဆင်သင့် ပြင်ဆင်ထားခဲ့သည်။

ထိုနောက် လျှပ်စစ်ဒယ်အိုး ထဲသို့ မြေပဲဆီ ထည့်ကာ အပူပေးလိုက်သည်။
ပြီးတော့ နနွင်းမှုန့်အနည်းငယ် ထည့်ခဲ့သည်။
လျှပ်စစ်ဒယ်အိုး ထဲမှ မြေပဲဆီများ ဆူလာသောအခါ ထုထောင်းထားသော ကြက်သွန်ဖြူ နှင့် ဝက်သားအပိုင်းအစငယ်များကို ထည့်ကာ မွှေပေးခဲ့သည်။
ပြီးတော့ အဆင်သင့်ပြင်ဆင်ထားသော ရွှေပဲသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပန်းမုန်လာ နှင့် ပြောင်းဖူးစေ့များကို ထည့်ခဲ့သည်။
ထိုနောက် အရသာကောင်းမွန်စေရန် ဆား၊ သကြား၊ ကြက်သားမှုန့် နှင့် ခရုဆီ တို့ကို ထည့်ကာ သမအောင် မွှေပေးခဲ့ပါသည်။
၅မိနစ်ကျော် အကြာမှာတော့ အနံ့အရသာကောင်းမွန်လှသော ဝက်သားသီးရွက်စုံကြော် ကို ရရှိခဲ့ပါသည်။

လျှပ်စစ်ဒယ်အိုး ထဲမှ ဝက်သားသီးရွက်စုံကြော်များ ပန်းကန်ပြားထဲ ထည့်ပြီး အနည်းငယ်ကို ချန်ထားခဲ့သည်။
ထိုနောက် ဝက်သားသီးရွက်စုံကြော် ကျန်ရှိနေသေးသည့် ဒယ်အိုး ထဲသို့ ထမင်းများ ထည့်ကာ ကြော်ခဲ့ပါသည်။
ထိုအခါ ဝက်သီးရွက်စုံထမင်းကြော် ကို ရရှိခဲ့ပါတော့သည်။

ထိုနောက်မှာတော့ ကျွန်တော်တို့မိသားစုသည် ညစာ ကို အားရပါးရ စားခဲ့ကြပါတော့သည်။

Sort:  

Congratulations
You received an upvote ecency

Oh waoh! What a delicious meal @tin.aung.soe . Its truly appetizing ❤️💕

Best of luck 😇

Thank you 👍
May you be happy 😊

You are welcome friend. Be happy too 😀

စားချင်စရာ‌ဗျို့။
!LOLZ
!MEME

ကျွေးချင်ပါ့